တံတားဦး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တံတားဦးခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားရာတွင်(၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြုင်ပွဲကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်စေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းကော်မတီများ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီများက မိမိတို့တာဝန်ယူဆောင်မည့် လုပ်ငန်းကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုအပ်သည်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)