ဇလွန် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်များသက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် လမ်းမတော်မြောက်ရပ်ကွက် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးခဲ့သည်။
အခြေခံအိမ်ထောင်စုများအား မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေး၊ ကုန်ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း မပြုလုပ်စေရန်နှင့်ကုန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် လူတစ်ဦးလျှင် နှံကောက်၊ ပခန်း၊ ရက်(၉၀)၊ ဆင်းသုခဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် လိုအပ်သလို ရောင်းချပေးခဲ့ပြီး မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ ကြည့်ရှုစစ်ဆေးအားပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ