၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၈

၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ အမျိုးသားဘတ်စကတ်ဘော ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ပြည်ခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပြည်ခရိုင်အသင်းကအနိုင်ရရှိပြီး ပထမဆုဖလား ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်လူကြီးများနှင့် နှစ်သိမ့်ဆုရရှိသူများအား တိုင်းအဆင့်ဌာနဆိုင်ရများမှလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်ဆုတံဆိပ်နှင့် ငွေသားဆုကျပ်()သိန်း()သောင်းအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ကလည်းကောင်း၊ ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား တစ်ဦးချင်ဆုတံဆိပ်အား သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကလည်းကောင်း၊ ပထမဆုရရှိသော ပြည်ခရိုင်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်()သိန်းတို့အား ဥပဒေချုပ်ဦးခင်မောင်တင့်ကလည်းကောင်း၊ အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)