ဟင်္သာတမြို့နယ်အတွင်း၌ မိုးရာသီကာလဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျောင်းများတွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရန် ယမန်နေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းအချိန်က ဟင်္သာတမြို့ အမှတ် (၁) အလယ်တန်းကျောင်းနှင့် ရွေကူကြီးကျောင်း ကျောင်းခန်းမ၌ ဟင်္သာတခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သည့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ သူနာပြုများနှင့် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်အသင်း ဥက္ကဋ္ဌ ဒေါ်အိအိခင် ဦးဆောင်သောအဖွဲ့တို့မှ ကျောင်းသား/ သူများအား “ပြင်းထန်ဝမ်းလျှော/ ဝမ်းပျက်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး” ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ စနစ်တကျ လက်ဆေးနည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။