သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းလျက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်း နိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပသည်။ ဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့သည်။
ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့်  လူငယ်ရေးရာ‌ဟောပြော‌ဆွေးနွေးပွဲ ကျင်းပ
Jul 10,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် (၉) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ပန်းချီပြိုင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community center ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောင်းကုန်းမြို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ ကျုံပျော်ကားလမ်းမဘေး၊ ကွင်းအမှတ် ၃၈၉-D/မိုးမခ၊ ဦးပိုင်အမှတ် ၄၅/၂၊ တောင်သူ ဦးလှ‌ဌေး၏ လယ်မြေ(၃.၁၄)ဧက၌ (C S) မျိုးသန့်စိုက်ခင်း ဆင်းသုခမျိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယ‌နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ဧက ၃၉၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း ဧက ၃၉၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသညိ။
ပွင့်ဖြူမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်း ဖွင့်လှစ်
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းလုပ်ငန်း (RBF) စီမံကိန်း အဆိုပြုလွှာ ရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။