သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အား ကြည့်ရှုအားပေး၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး
Jul 27,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လူအများ ဝင်/ ထွက်သွားလာရာနေရာများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ စေတီပုထိုးများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူ (၄၀၀၀) ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေး
Jul 27,2024
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများတိုက်စားမှုကြောင့် ပေ(၃၀)တံတားတစ်စင်းချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွား
Jul 27,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး တောင်ကျရေများတိုက်စားမှုကြောင့် ရှမ်းရွာသစ်မြို့နှင့် မဲကတောခီးကျေးရွာကို ဆက်သွယ်ထားသည့် တံတားတစ်စင်းချဉ်းကပ်လမ်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပွား
Jul 27,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညပိုင်းတွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Jul 27,2024
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာ စာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဘီးလင်းမြစ်ရေမြင့်တက်၍ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်
Jul 27,2024
မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်ရေမြင့်တက်လာရာ ယမန်နေ့မှစတင်ကာ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ မြစ်ကမ်းအနီးအနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့
Jul 27,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက်ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ခြင်း ပြုလုပ်
Jul 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် လက်ခုပ်ကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းကို ဇူလိုင် (၂၆) ရက်၊ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။