ဖြူး ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရေသျှံကြီးကျေးရွာအုပ်စု၊ ရေသျှံကြီးကျေးရွာအတွက် မိုးစပါးစိုက်ပျိုးနိုင်စေရန်အတွက် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တောင်ငူခရိုင်အာမခံလုပ်ငန်း၊ ခရိုင်တာဝန်ခံ ဒေါ်ကြာညိုသင်းသွယ်က သီးနှံလုပ်ငန်းအာမခံလက်ခံဆောင်ရွက်မည့် အကြောင်းပြောကြားပြီး ဖြူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နီလာအောင်က နိုင်ငံတော်က တောင်သူများ အဆင်ပြေစေရေးအတွက် အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးမြေဧကအလိုက် ချေးငွေနှုန်းထားများ၊ စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲရေးအတွက် ရှင်းလင်းပြောကြာသည်။
ဆက်လက်၍ မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက ရေသျှံကြီးကျေးရွာအုပ်စု၊ ရေသျှံကြီးကျေးရွာရှိ တောင်သူ(၅၉)ဦးအား စိုက်ပျိုးဧက(၁)ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် စိုက်ပျိုးဧက(၂၈၅) ဧကအတွက် ငွေကျပ်(၄၂၇.၅)သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)