ကဝမြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ကဝ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Centreခန်းမ ၌ ယနေ့နံနက် (၁၀) နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသော "ဝန်ထမ်းကျင့်ဝတ်" စာအုပ်ဖြင့် ဝန်ထမ်းများ စုပေါင်းစာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးဖြိုးဝေစံဦးက ရှေးဦးစုံစမ်းမှုနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ဓာတ်ပုံ-၂ အင်အား(ပြ)ဦးရဲဇော်ဟိန်းက ပြစ်ဒဏ်များနှင့် အကျိုးသက်ရောက်မှုများကိုလည်းကောင်း၊ ရုပ်သံ-၃ ဦးစိုးပိုင်က အရေးယူခံရသောဝန်ထမ်း၏ အခွင့်အရေးများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ချိုချိုစန်းလွင်က ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကဝမြို့နယ်ရုံးတွင် ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာဆောင်ရွက်စေနိုင်ရန်နှင့် ရုံးလုပ်ငန်းများအပြင် ငွေစာရင်းနှင့် စာကြည့်တိုက်ပိုင်းဆိုင်ရာ အကြောင်းအရာများကိုလည်း လစဉ်တစ်လလျှင်(၂)ကြိမ် အလားတူစာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)