တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တွံတေး ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ပတ် ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တော သစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီတတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယမန်နေ့နံနက် ၈ နာရီက တွံတေး-လှိုင်သာယာ ကားလမ်း (ဝဲ၊ယာ) ရှိ ဘုရားငုတ္တို (မြောက်) ကျေးရွာအုပ်စုတွင်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှတို့က စိုက်ပျိုးသွားမည့် ပျိုးပင်များကို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာ ပြည်သူတို့အားပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ (၃၀၀) ဦးတို့က ပျဥ်းမ (၂၀၀) ၊ မန်ဂျန်ရှား (၁၀၀) ၊ မဟော်ဂနီ (၅၀) ၊ ပျဥ်းကတိုး (၅၀) ပင် စုစုပေါင်း ပျိုးပင် (၄၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

မျိုးလှိုင် တွံတေး