ကွမ်းခြံကုန်း ဇူလိုင်၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အလှကုန်ဆိုင်များအား ယမန်နေ့က စျေးကွက်စစ်တမ်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သော ကလေးကိုယ်လိမ်ပေါင်ဒါ၊ အစိုဓါတ်ဖြည့်ခရ(မ်)၊ ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်ဆေး စသည့်အလှကုန်ပစ္စည်းများအား၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက်၊ ပါရှိမှု ရှိ/မ ရှိစသည်တိုကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများကို ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ အလှကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ရောင်းချရန်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဆွေနွယ်