သတင်းများ

ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 13,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 13,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါလမ်းသစ်၌ ပြုလုပ်ကျင်းပရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရသေ့တောင်မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်း အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jul 13,2024
မကွေးဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ အသိပညာဗဟုသုတတိုးပွားစေ၍ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Jul 13,2024
၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ တွဲဖက်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကွန်ဟိန်းမြို့၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ
Jul 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ နားဆေဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခန့်က တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မြစ်ရေကြီးမြင့်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်
Jul 13,2024
ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လေဆိပ်ဧရိယာအား မြို့အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေး၊ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေမြောင်းများ ရှင်းလင်းရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများနှင့်အညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ပျက်စီးဆုံးရှုံးခဲ့ရသော လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်
Jul 13,2024
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် KNPP၊ KNDFအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်မဟုတ်သော ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုလုပ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ကျောင်းအဆောက်အအုံများမှနေ၍ တပ်မတော်အား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း၊ ၎င်းတို့ပြန်လည်ဆုတ်ခွာရာတွင်လည်း လွိုင်ကော်တက္ကသိုလ်ရှိ နိုင်ငံပိုင် အဆောက်အုံများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ သင်ထောက်ကူပြုပစ္စည်းများဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းသွားခြင်းတို့အား အသိဉာဏ်ကင်းမဲ့စွာဖြင့် လူသားမဆန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် လွိုင်ကော်တက္ကသိုလ်အား ယာယီပိတ်ထားခဲ့ရကာ နိုင်ငံတော်နှင့် ပြည်နယ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများနှင့် လွိုင်ကော်တက္ကသိုလ်ရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်ပစ္စည်းများ၊ သင်ထောက်ကူပြုပစ္စည်းများ များစွာထိခိုက်နစ်နာဆုံးရှုံးပျက်စီးခဲ့ရပါသည်။