သတင်းများ

အိမ်မဲမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာမ ခင်စောတင့်၏ “အမေဆောက်ခဲ့သောရဲတိုက်ကြီးများ ” စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ (၂၅) ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်ပွဲအခမ်းအနားကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး အဆို၊ အက၊ အရေး၊ အတီး ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအားကြည့်ရှုစစ်ဆေး
Aug 07,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီကုမုဒြာသင်္ဘောဖြင့် ရန်ကုန်မြို့မှလူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Aug 07,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ) ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌ နေရာတွင် အသင်းသူ၊ အသင်းသူများက  ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ
Aug 07,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရေး၊ အသိပညာများ မျှဝေပေးနိုင်စေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယ‌နေ့နံနက်(၁၀)နာရီအချိန်ကမုံရွာမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မူကြိုကျောင်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တကုန်းကြီးကျေးရွာအုပ်စု၊ တကုန်းကြီးကျေးရွာရှိ မူကြိုကျောင်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၉)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က တက်ရောက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်း (ဖောင်ရိုးချောင်း)၌ လူငယ်စကားဝိုင်းကျင်းပ
Aug 07,2024
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာ ဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မုံရွာမြို့တွင် လူငယ်ရေးရာကော်မတီ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် စကားရည်လုပြိုင်ပွဲကျင်းပ
Aug 07,2024
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်များ၏အရေးပါမှုနှင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ၏ အခန်းကဏ္ဍများကို မီးမောင်းထိုးပြရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မုံရွာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန်းသန်းဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စကားရည်လုပြိုင်ပွဲ အကဲဖြတ်ဒိုင်များ၊ တက္ကသိုလ်အဆင့် ကောလိပ်အဆင့်‌နှင့် အခြေခံပညာအဆင့်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။