သတင်းများ

မင်းလှမြို့နယ် မလွန်‌ကျေးရွာ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြှပ်သည့် အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခြင်းနှင့် ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာ၌ မြစ်ကမ်းနားအနီးတွင်‌ နေထိုင်ကြသည့် နေအိမ်အတွင်းသို့ ဧရာဝတီမြစ်ရေမြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် အိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု( ၅၂)စုလူဦးရေ(၁၉၃)ဦးတို့အား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် မလွန်ကျေးရွာရှိ စာကြောစာသင်တိုက်သို့ ရွှေပြောင်းပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေး
Jul 13,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးစပါးလက်စွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်းတစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး
Jul 13,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ် တောင်ကလေးတိုးချမြို့ပြအိမ်ရာစီမံကိန်းဧရိယာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့၌ မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး
Jul 13,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့၌ မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲ ကျင်းပ
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီး ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးထားရ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသည် မြေပြင်တိုင်းထွာချက်များအရ ယနေ့နံနက် ၉ နာရီခွဲ အချိန်မှ စတင်ပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မြို့နယ်အတွင်း၌ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများကို အသစ်ထပ်မံတိုးချဲ့ပြီး ဖွင့်လှစ်ဆောင်ရွက်ပေးထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
မြဝတီမြို့၌ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်
Jul 13,2024
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်လံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၄၉၄ စင်တီမီတာရှိပြီး၊ စိုးရိမ်ရေအမှတ် ၂၅၅၀ စင်တီမီတာဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန် နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ ၃ နာရီက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။