ဝန်းသိုမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဝန်းသို ဇူလိုင် ၁

၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ တွဲဖက်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ တွဲဖက်သုံးစွဲရေးအကြောင်းကိုလည်းကောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်မှ အရေး ကြီးသည့်အချက်အားလည်းကောင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အကျိုးဆောင်တောင်သူများက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အတွေ့အကြုံများကို နှီးနှောဖလှယ်ကြရာ လိုအပ်သည်များကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော အကျိုးဆောင်တောင်သူများအား ဂျစ်ပဆန်သဘာဝကျောက်မှုန့်မြေဩဇာ၊ စိုက်ပျိုးရေးသုံးဆေးပစ္စည်းများနှင့် တောင်သူအသိပညာပေးလက်ကမ်းစာစောင်များကို ထောက်ပံ့ပေးဝေခဲ့ကြောင်းနှင့် ဝန်းသိုမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးလျာထားဧက ၃၈၉၈၉ ဧက၊ မိုးစပါးပန်းတိုင် ဧက  ၄၀၀၀ နှင့်  မျိုးစေ့ထုတ်ကွက်  ၁၃၇ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)