ကြံခင်း ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဝမ်းပျက်ဝမ်းလျှော သတိပေးနှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်း၊ အစားအစာများကို စနစ်တကျ ဖုံးအုပ်၍ရောင်းချစေခြင်း၊ ခြင်ယင်များ မနားစေရန်နှင့် လတ်ဆတ်သော အစားအစာများကိုသာ ရောင်းချရန် ဈေးရောင်းချရာတွင် လက်အိတ်၊ နှာခေါင်းစည်းများကို တပ်ဆင်ပြီးမှ ရောင်းချရန် လိုက်လံစစ်ဆေးဟောပြောခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)