ကွန်ဟိန်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ နားဆေဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခန့်က တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလေးဝင်းမှ တောင်သူများ စိုက်ပျိုးထားသော သီးနှံများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ပိုးမွားအန္တရာယ်ကာကွယ်နည်းနှင့် ကြွက်အန္တရာယ်ကာကွယ်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ဝမ်းပျက်/ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ လယ်/ယာမြေပေါ်ရှိ အခြားနည်းအသုံးပြုခြင်းဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရွှေ့ပြောင်းတောင်ယာပပျောက်ရေး ကုန်းမြင့်လယ်ယာစနစ်အကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်