သံဖြူဇရပ် ဇူလိုင် ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါလမ်းသစ်၌ ပြုလုပ်ကျင်းပရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရသေ့တောင်မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မင်းငွေထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျင်သိန်းတို့မှ ဖဲကြိုးဖွင့်လှစ်ပေးခဲ့သည်။
ယခုဖွင့်လှစ်သောလမ်းသည် ကျေးရွာရေလုပ်သားများအတွက် အထောက်အကူပြုသော ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်)အတက်အဆင်းလမ်း အလျား အရှည်ပေ ၂၀၀ အကျယ် ၁၂ ပေရှိသော ကွန်ကရစ်လမ်းကို ရသေ့တောင်မြစိမ်းရောင်(ငါးကဏ္ဍ)ကျေးရွာကော်မတီ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် ၂၀၁၅ခုနှစ်တွင်စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ၉ နှစ်တာကာလအတွင်း ရရှိသောအတိုးငွေ ၅၀ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သိန်း(၂၀၀)ဖြင့် ကွန်ကရစ်လမ်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)