Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ် လွန်ကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စု(၅၂)စုအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မလွန်ကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ စာကြောစာသင်တိုက်ကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၁၁) နာရီခွဲက မလွန်ကျေးရွာရှိစာကြောစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးမည့် တောင်သူများအား ဆီထွက်သီးနှံပဲပုပ်မျိုးစေ့ထောက်ပံ့ပွဲကို ယမန်နေ့တွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေဝင်ရောက်သည့်ကျေးရွာများမှ နွားတိရစ္ဆာန်ကောင်ရေ(၂၀၁၇)ကျော်အား ဘေးလွတ်ရာသို့ ဇက်သင်္ဘောဖြင့် ပြောင်းရွှေ့
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၏ နွားတိရစ္ဆာန်များကို ချောက်မြို့နယ်မှဇက်သင်္ဘောများဖြင့် ဘေးလွတ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်သယ်ယူပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားနေသော ကိုယ်လုံပညာနှင့် ဓားသိုင်းသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်သည် ယမန်နေ့ ညနေပိုင်းအချိန်ကဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော ကိုယ်လုံပညာနှင့် ဓားသိုင်းပညာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
Jul 15,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရသည့် တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3673
Page
3674
Page
3675
Page
3676
Current page
3677
Page
3678
Page
3679
Page
3680
Page
3681
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department