မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်‌ရောက်မှုကြောင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယာယီပြောင်းရွှေ့‌ထားရသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေး

အထက်မင်းလှ  ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌ထားရသည့် တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်‌‌‌‌‌‌‌‌‌‌‌‌‌ဆေးထိုးနှံပေးရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသ‌‌‌‌ရေးဦးစီးဌာနမှ‌ ဒေါက်တာ ပွင့်မြတ်နိုးသိမ့်နှင့် ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုများ၏ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အားဆေးများနှင့် ထိခိုက်ဒဏ်ရာများအတွက် အရေးပြားလိမ်းဆေးများ၊ အာဟာရပြည့် ကုမ္ပဏီတိရစ္ဆာန်အစာများအား ဖြန့်ဝေပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                     

ဇာဇာ(အထက်မင်းလှ)