ဆင်ပေါင်ဝဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သီးနှံစိုက်ခင်း ရေဝင်ရောက်သည့် နေရာများမှာ လက်ပန်ကျေးရွာတွင် နှမ်းစိုက်ခင်း ၂၇ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၆ ဧက၊ မြေပဲစိုက်ခင်း ၉ ဧက၊ လက်ပန်ငူကျေးရွာတွင် နှမ်းစိုက်ခင်း ၄၉ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၈ ဧက၊ မြေပဲစိုက်ခင်း ၅ ဧက၊ ခမရ(ဝါ) ၂ ဧက၊ ငန်ပြားကျေးရွာတွင် နှမ်းစိုက်ခင်း ၆၇ ဧက၊ ပဲတီစိမ်း ၈၄ ဧက၊ အင်းမကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်း ၃၁ ဧက၊ မြေပဲ ၇ ဧက၊ ဖူးစားပြောင်း ၁၂ ဧက၊ ရွှေမောင်းစွန်းကျေးရွာတွင် နှမ်းစိုက်ခင်း ၆၂ ဧက၊ ဖူးစားပြောင်း ၁၇ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၁၉ ဧက၊ အမှတ် (၁) ရပ်ကွက် ပဲတီစိမ်းစိုက်ခင်း ၁၄ ဧက၊ ကျွဲနွားစာ ၅ ဧက၊ ကျွန်းကျေးရွာ နှမ်းစိုက်ခင်း ၂၀၇ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၉၁ ဧက၊ မြေပဲစိုက်ခင်း ၃၂ ဧက၊ ဖူးစားပြောင်း စိုက်ခင်း ၁၁ ဧက၊ ညံတောအင်းကျေးရွာ နှမ်းစိုက်ခင်း ၉၁ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၂၇ ဧက၊ မြေပဲစိုက်ခင်း ၄ ဧက၊ ကြာအင်းကျေးရွာတွင် နှမ်းစိုက်ခင်း ၂၁၃ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၂၉ ဧက၊ မြေပဲစိုက်ခင်း ၁၅ ဧက၊ ခမရ(ဝါ) စိုက်ခင်း ၂ ဧက၊ ကျောက်ချက်ကျေးရွာ နှမ်းစိုက်ခင်း ၈၁ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၆၂ ဧက၊ မြေပဲစိုက်ခင်း ၃ ဧက၊ မွှန်းညောင်ပင်သာကျေးရွာတွင် နှမ်းစိုက်ခင်း ၉၂ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၀၁ ဧက၊ မြေပဲစိုက်ခင်း ၉ ဧက၊ ခမရ(ဝါ) စိုက်ခင်း ၃ ဧက၊ မကြီးကန်ကျေးရွာတွင် နှမ်းစိုက်ခင်း ၂၄ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၆၅ ဧက၊ မြေပဲစိုက်ခင်း ၄ ဧက၊ ခမရ(ဝါ) စိုက်ခင်း ၈ ဧက၊ ဒဂုံမှော်ကျေးရွာတွင် နှမ်းစိုက်ခင်း ၁၉ ဧက၊ ပဲတီစိမ်းစိုက်ခင်း ၁၅ ဧက၊ မြေပဲစိုက်ခင်း ၂ ဧက တို့ မြစ်ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)