သတင်းများ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စုရှိ ကင်းတားရေလွှဲဆည်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စုရှိ ကင်းတားရေလွှဲဆည်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွှဲပိုင်းက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ဓနုဖြူမြို့နယ်အတွင်းရှိ အုန်းချိုမွှေးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Jul 15,2024
နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာရှိ (ALLOY) ကုမ္ပဏီမှ တာဝန်ယူ စိုက်ပျိုးထားသော ဧက(၁၈၀)ရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံသို့ရောက်ကာ စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပေါင်းတည်၌ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် Biometric ကွင်းဆင်းကောက်ယူ၍ Unique ID ကတ်ပြားများ ဆက်လက်ထုတ်ပေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။
တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများဖွင့်ပွဲကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက၊ အဆိုပါကျောင်းရှိ ဖူဆယ်ဘောလုံး အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “နှစ်ဆယ့်တစ်ရာစု ရွှေနိုင်ငံ ရွှေမြန်မာ”စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်
Jul 15,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက (အ.မ.က)အောင်ကုသိုလ်ကျောင်း၌ ပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများဆောင်ရွက်
Jul 15,2024
ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်ကာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်သည်။