ကျောက်ဆည်မြို့နယ်တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီ(၂၀၉၀)ပိဿာ ရောင်းချရေး
Aug 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေ ရန်ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ(၂၀၉၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။