ဓနုဖြူ ဇူလိုင် ၁၅
နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာရှိ (ALLOY) ကုမ္ပဏီမှ တာဝန်ယူ စိုက်ပျိုးထားသော ဧက(၁၈၀)ရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံသို့ရောက်ကာ စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ မန်နေဂျာ ဦးဇော်မင်းနှင့် တာဝန်ရှိသူများမှ ကြိုဆိုတွေ့ဆုံပြီး နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က အုန်းချိုမွှေးစိုက်ပျိုးရေးခြံအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများအား စက်လှေဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုန်းချိုမွှေးစိုက်ပျိုးရေးခြံ မန်နေဂျာ ဦးဇော်မင်းက စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)