ရေး ဇူလိုင် ၁၅
ရေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ရေးမြို့ ရွှေဆံတော်ဘုရားဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရေးမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ မြို့နယ်၊ ရပ်/ကျေးသံဃာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလခံယူပြီး နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အလှူရှင်များက ဝါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဉူးပညာဇောတထံမှ အနုမောဒနာတရားခံယူပြီး ရေစက်သွန်းချ အမျှဝေကာ ဗုဒ္ဓသသနာစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်