မိတ္ထီလာမြို့မဈေးကြီးအတွင်း အသားရုံများ၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးမှုအား ကြည့်ရှုစစ်ဆေး

မိတ္ထီလာ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း အသားရုံများ၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့မဈေးကြီးအတွင်းရှိ ဝက်သားရုံ၊ ဆိတ်သားရုံနှင့် အမဲသားရုံများတွင် ဈေးရောင်းချသူများက ဈေးဝယ်လာသူများအား ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ကြက်သား၊ ငါးနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးထက်ဇော်နှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ