မိုင်းယောင်း ဇူလိုင် ၁၄
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ အရေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ ၁၆ ဦး၊ အထက်တန်းအဆင့် ကဗျာအရေးပြိုင်ပွဲသို့ (၉) ဦး၊ အလယ်တန်းအဆင့် ကဗျာအရေးပြိုင်ပွဲသို့ (၂၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)