သရက်ချောင်း ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ် (၁၂)ပါး၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအသင်းစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခြင်း၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒကထာခံယူခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ကြွရောက်လာကြသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က သရက်ချောင်းမြို့နယ်၊ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက်ဆရာတော်ကြီး ဘန္ဒန္တကောသလ္လထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)