ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေဝင်ရောက်

ဆင်ပေါင်ဝဲ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွှတ်ရာနေရာများသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေရာစီစဥ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များအပြင် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ရှိ လူနေအိမ်များတွင်လည်း မြစ်ရေဝင်ရောက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)