မော်လိုက်ခရိုင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေနစ်မြုပ်ပြီးမပြောင်းရွှေ့သည့်အိမ်များသို့ ကျန်းမာရေးစောင့်ရှောက်မှုပေး

မော်လိုက် ဇူလှိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး Drကျော်စိုးဦး ဆောင်သောအဖွဲ့သည် ဇူလိုင်လ၈ရက်နေ့မှ ယနေ့အထိ နေ့စဉ်ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေနစ်မြုပ်ပြီး မပြောင်းရွှေ့သည့်အိမ်များသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်၊၊

ထို့သို့ ဆောင်ရွက်ရာတွင် မော်လိုက်မြို့ အနီးပတ်ဝန်းကျင်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့်ဆေးစိမ်ခြင်ထောင်များ၊ လက်သန့်ဆေးများ၊ ရေသန့်ဆေးပြားများ ပေးဝေခဲ့ပြီး ရေဘေးဒုက္ခသည်စခန်းများနှင့် ရေနစ်မြုပ်ပြီးမပြောင်းရွှေ့သည့်အိမ်များရှိ ကျား/မ စုစုပေါင်း(၁၃၆)ဦး၊ (၅)နှစ်အေက်ကလေး(၁၄)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၄)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြကြောင်း ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်၊၊

ခရိုင်(ပြန်/ဆက်)