တပ်ကုန်း ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများစိတ်အေးချမ်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ရှောက်တစ်ခင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့မရဲစခန်းမှ ဒုရဲအုပ် အေးမင်းဦး၊ ခေတ္တမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် ပူးပေါင်းအဖွဲ့တို့ မြို့ပေါ်ခြောက်ရပ်ကွက်မှ ဆန်အရောင်းဆိုင် ၁၂ ဆိုင်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်လင့်တကူ အဆင်ပြေစွာဝယ်ယူနိုင်ရေး၊ သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့် ရောင်းချမှုရှိစေရေး ရှောက်တစ်ခင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်