မော်လိုက် ဇူလှိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်အဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်မှု၊ ကဏ္ဍအလိုက်စီမံကိန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ အခွန်ကောက်ဆိုင်ရာအခြေအနေများကို ပရိုဂျက်တာပြသ၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက “စီမံကိန်းလုပ်ငန်းများ၊ အခွန်ကောက်ဆိုင်ရာ လုပ်ငန်းများ ပြည့်မီအောင်၊ ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင်ဆောင်ရွက်ရန်နှင့် အခွန်ကောက်ရာထားချက်များကာလအလိုက် ပြည့်မီကျော်လွန်အောင် ကောက်ခံသွားကြရန်” လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)