မင်းဘူး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည်များကို ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးခြင်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ပေးအပ်ခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက် စိန်ခြည်လင်းဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် ဇူလိုင် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျေးရွာအုပ်စု (၂) အုပ်စု၏ အိမ်ထောင်စု (၈၆)စု၊ လူဦးရေ ၂၁၆ ဦးထဲမှ ရေထဲမျောပါ အိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာအတွက် တန်ဖိုးငွ(၄၅၃၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၃,၆၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)