ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ၈ စင်တီမီတာခန့် ကျဆင်း

ပခုက္ကူ  ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာအောက် ၈ စင်တီမီတာခန့် ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၁၄၂ စင်တီမီတာ (၇၀ဒသမ၂၈)ပေရှိပြီး ပခုက္ကူမြို့၏စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာ (၇၀.၅၃)ပေအောက် ၈ စင်တီမီတာ (၀ဒသမ၂၆) ပေ ကျဆင်းနေပြီဖြစ်ကြောင်း၊ ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခွဲတိုင်းထွာချက်အရ ၂၁၆၃ စင်တီမီတာ (၇၀.၆၉) ပေရှိခဲ့ပြီး စိုးရိမ်ရေမှတ်အထက် ၁၃ စင်တီမီတာ(၀ဒသမ၁၆)ပေခန့် ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂၂၈၂ စင်တီမီတာ (၇၄.၈)ပေအထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ပခုက္ကူမြို့နယ်၌ နောက်ရက်များအတွင်း ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်းနိုင်ပြီး မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ဘာမီသာ(ပခုက္ကူ)