ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပတ်၀န်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းငြိမ်းထက်က “ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ရွှေစင်မြင့်က “သဘာဝဘေးအသိပညာပေး” ခေါင်းစဥ်ဖြင့်လည်းကောင်း ပညာပေးဟောပြောခဲ့ပြီး မေးခွန်းများ အပြန်အလှန်မေးမြန်း၍ အမှတ်တရလက်ဆောင်များပေးအပ်ကာ ကျောင်းအတွက်အမှိုက်ပုံးများ လှူဒါန်းခဲ့သည်။ ​

အသိပညာပေးဟောပြောပွဲသို့ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာ​ပေး လက်ကမ်းစာ​စောင်(၁၅၀)အား အခမဲ့ဖြန့်​​​ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)