ကွမ်းခြံကုန်း ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Women Club) ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Women Club) ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက ဦးဆောင်၍ စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသော "ငသြစာအုပ်ပါမယ်အိမ်၏ ကိုရင်သြ၊ မျှော်တိုင်းငေး၊ သူ့ကျွန်ဘဝ၊ ရိုးမတောင်ခြေစသည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)