မင်္ဂလာဒုံ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာနေခြည်နွေးနှင့် ဝန်ထမ်းများက အမှတ် (၄) စိုက်ပျိုးရေးနှင့်မွေးမြူရေးစခန်းသို့သွားရောက်၍ ကျွဲ၊ နွား တိရစ္ဆာန်များ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အဆိုပါ အမှတ် (၄) စိုက်ပျိုးရေးနှင့်မွေးမြူရေးစခန်းရှိ နွား (၁၂၀) ကောင်အား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ဦးစီးမှူး ဒေါက်တာနေခြည်နွေးနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း