မန္တလေး ဇူလိုင် ၂၄
ဆေးတက္ကသိုလ်-မန္တလေး မိသားစု၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၈၄/၈၅ လမ်းကြားရှိ ဒဟတ္တောကျောင်းတိုက်၊အကနိဋ္ဌဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို ဒဟတ္တောပရိယတ္တိစာသင်တိုက် နာယကဆရာတော်၊အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဓိက အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ပါမောက္ခ ဒေါက်တာ မျိုးသက်တင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြားစီမံဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဆရာတော်ထံမှ တရားတော်များ နာယူကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ကပ်လှူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)