ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ် ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေး အသိရှိစေရန်၊ ကျန်းမာကြံခိုင်သန်စွမ်းသော လူငယ်လေးများ ဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီ အချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမက မိုးရာသီ ကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အကြောင်းအရာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများ၊ အစာအာဟာရ(၃)အုပ်စု သိကောင်းစရာများကို အသိပညာပေး ဟောပြောပြီးနောက် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၈၆)ဦးအား တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိရောဂါ စမ်းသပ်ပေးခြင်းနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်ပေးမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းသား/သူများ ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)