ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ငပုတော ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း တောင်ကလေး တွင် ကျောင်းကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိ အားကစားဝန်းအတွင်းကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးနှင့် ဆရာ၊ ဆရာမများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြိုင်ပွဲတွင် အနော်ရထားအသင်းနှင့်အလောင်းဘုရား အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက အလောင်းဘုရားအသင်းကို အနိုင်ရရှိခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရရှိသောအနော်ရထာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ကျောင်းအုပ်ဆရာကြီးမှလည်ကောင်း ဒုတိယဆုရရှိသော အလောင်းဘုရားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို အထက်တန်းပြ ကာယဆရာကလည်ကောင်း၊ တတိယဆုရရှိသော ဗန္ဓုလအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို ကျေးရွာအုပ်ချုပ်ရေးမှူးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)