ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ယမန်နေ့နေ့လည် (၁) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.လ.က (ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့်က ကျောင်းသား/ကျောင်းသူများအား ဦးနှောက်ဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး အခြေခံကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ လက်တွေ့ပြသလုပ်ဆောင် ကာအားကစားပစ္စည်းများကိုလှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)