ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဘိုကလေး ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တစ်ဆူဖြစ်သည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၆ နာရီ အချိန်၌ စေတီတော်ဂေါပကအဖွဲ့မှဦးဆောင်ကာ ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး တည်ဆောက်ရေး၊ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်၊သံဃာတော်များ စုစုပေါင်းဆရာတော်၊ သံဃာတော် ၁၆ ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုပြုကြသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတီတော်ဂေါပကအဖွဲ့များ တက်ရောက်ကြပြီး ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းမပြုမီ ဘိုကလေးမြို့နယ်၊ ဇေယျာမေဒနီမိုးကုတ်ရိပ်သာ ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား စေတီတော်ဂေါပကအဖွဲ့နှင့်အတူ အခမ်းအနားတက်ရောက်ကြသူများက­­ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်နဝကမ္မများလှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခြင်းနှင့် ဘိုကလေးမြို့၊ ဇေယျာဘုံမ္မိကျောင်းတိုက် ဆရာတော်ဘဒ္ဓန္တဦးသုဇီဝထံမှ ရေစက်သွန်းချအနုမောဓနာ တရားနာကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)