မြန်အောင် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြားနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ် ရေဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ကြီးကြပ်မှုဖြင့် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးအန္တရယ်ကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ ကမ်းပြိုမှုဖြစ်ပွားမှုမရှိစေရန် မြစ်ကမ်းဘေးရှိသစ်ပင်ကြီးများ၏ အကိုင်းများခုတ်ထွင်ခြင်း၊ သဲအိတ်တာထပ်ဆင့်ခြင်း၊ ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်ထားရှိ၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)