ကျွန်းလှ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပျဉ်းမမြိုင်ရပ်ကွက်နှင့် အင်ကြင်းမြိုင်ရပ်ကွက်တို့တွင် ရေစီးရေလာကောင်းမွန်ရေး၊ သွားလာရေးအဆင်ပြေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကွန်းကရစ်တံတားများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ငွေဖြင့် အလျား ၂၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတားနှစ်စင်းနှင့် အလျား ၂၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတားနှစ်စင်း၊ စုစုပေါင်းတံတားလေးစင်းတို့အား တံတားတစ်စင်းလျှင် ခွင့်ပြုငွေကျပ် ၅ ဒသမ ၀၀၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကွန်ကရစ်တံတားများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ