မလှိုင်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ

မလှိုင် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် “မြင့်မြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူ  မြို့သစ် အ.ထက (Grade-11) A မှ မကေကျော့စံ၊ (Grade-10) A ဒုတိယဆုရရှိသူ မဖြိုးပြည့်ပြည့်မွန်နှင့် (Grade-10) A တတိယဆုရရှိသူ မရတီဇော်ဝင်းတို့အား မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးဇော်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်တို့က ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက်ဟောပြောပွဲတက်ရောက်လာသည့် မြို့သစ်အ.ထ.ကကျောင်းမှ ကျောင်းသား/သူလေးများက မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)