လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁)တွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြအေးက အမှာစကားပြောကြားသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့၏ အမည်နှင့် အတ္တုပတ္ထိအကြောင်းအရာများ၊ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံပြီး အမြော်အမြင်ကြီးကြီး ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိ၏အသက်ကိုပင် စွန့်လွှတ်ရန် ပိုင်းဖြတ်ထားသည့် စိတ်ဓာတ်ဖြစ်ကြောင်းတို့ကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ၊ စာအုပ်၊ စာစောင်များ၊ ပြိုင်ပွဲကျင်းပပြုလုပ်ထားသော အာဇာနည်နေ့ ကဗျာ၊ ဆောင်းပါး၊ပန်းချီ နံရံကပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများမှ  ကြည့်ရှုလျက်ရှိကြောင်းနှင့် ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ  ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးတို့ တက်ရောက် လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)