မချမ်းဘော ဇူလိုင် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ကျရောက်သည့်(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဥ်းနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်းကို အသိပညာပေး ဟောပြောသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မချမ်းဘောမြို့ အခြေခံပညာ အထက်တန်းကျောင်း(Grade-3)မှ ကျောင်းသားကျောင်းသူ ၁၃ ဦးတို့က ၁၉ ဇူလိုင်မမေ့နိုင်၊ မျက်ရည်သွန်းဖြိုး ဇူလိုင် ၁၉ စသည့်ကဗျာများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသားကျောင်းသူ ၁၂ ဦးတို့က ရွှေသွေးဂျာနယ်စာစောင်ပါ ပညာပေး ရွှေသွေးစကားဝိုင်း စာစုများဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီးနောက် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဆရာမများက အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသူကျောင်းသား ၃၆ ဦးတို့က ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ရေးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီးနောက် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းရှိ သုတရသ ကလေးစာပေစာအုပ်များကို စိတ်ဝင်တစားဖတ်မှတ်လေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ