သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနား တက်ရောက်
Jul 24,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဗိုလ်တထောင်မြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ(အေ)ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ရှိ သုဿန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Jul 24,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၁ ရက်နေ့မှ လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ တတိယပတ်တွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့ မြို့မဈေးအသစ်ပြန်လည်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် ဆီဆိုင်မြို့ မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်
Jul 24,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ငါ့သရောက်မြို့တွင် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း 
Jul 24,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် နယုန်လဆန်းပိုင်းက စိုက်ပျိုးထားသည့်ကန်ရှိနှမ်းစိုက်တောင်သူများ နှမ်းများ  အောင်မြင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမိသားစုများ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 24,2024
ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးစသည်တို့မှတာဝန်ရှိသူများ၊ ဝန်ထမ်းဟောင်းများအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ရိုးဘုရားလမ်းဘေးဝဲယာ၊ ကျောင်းစုကျေးရွာလမ်းမဘေး၊ ဒိုးတန်းကျေးရွာလမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။