သတင်းများ

တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသူ/သားများအား မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြော ပွဲပြုလုပ်
Jul 24,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှကြီးမှူး၍ “ကမ္ဘာမြေကိုကာကွယ်ဖို့ သစ်ပင်စိုက်ပျိုးစို့” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီမြို့- အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/သူများအား သစ်တောသစ်ပင်၊ ဇီဝမျိုးစုံမျိုးကွဲများ၏ အကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍  စာရေးဆရာ‌ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”  စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့၌ နှစ်ရှည်သီးနှံ ပိန္နဲသီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jul 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရာသီပေါ်နှစ်ရှည်သီးပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း ပိန္နဲသီးပင်စိုက်ပျိုးသူထံမှ သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဟားခါးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 24,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်များ တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပွဲပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ ၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်းလျန်ဆုမ်း ၊ ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာရှင်းလင်း
Jul 24,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရှင်းလင်းခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ
Jul 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မော်လိုက်မြို့၌ မြို့တွင်းသန့်ရှင်းသာယာ လှပစေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့အတွင်းသန့်ရှင်းသာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၈) နာရီအချိန်က မြို့မ (၂) ရက် ကွက် နာရီစင်မှစ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မ (၁) ရပ်ကွက်၊ ပညာလမ်းတစ်လျှောက်တို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ ကကြည့်ရှုအားပေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး သွင်း အားစုများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Jul 24,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး သွင်းအားစုများပေး အပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။