သတင်းများ

ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်​မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကဒါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ‌‌ဒေသခံတောင်သူများအား ကော်ဖီနှင့်ကိုကိုးပင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ‌စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား ကော်ဖီနှင့် ကိုကိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းခင်း(၃)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာနှင့် အ‌ခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ပါသည်။
ရေကြည်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၃၆)ကျောင်း ယာယီပိတ်ထား
Jul 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်၍မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဇူလိုင်လ ၂၂ နေ့နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ စာသင်ကျောင်း (၃၆)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထားဝယ်မြို့တွင် "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော
Jul 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် “မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့်သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းစသည့် အကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့
Jul 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းလာသဖြင့် ရေဘေးသင့်ပြည်သူတချို့ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြကြောင်း သိရသည်။