အင်းစိန်မြို့နယ်၌ ဝါဆိုဦး စာဖတ်ဝိုင်း ပြုလုပ်
Jul 28,2024
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)၊ စာပေဥယျာဉ်(Book Club) အသင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မိုးရာသီ ဝါတွင်းကာလတွင် ဝါဆိုဦး စာဖတ် ဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။